ကဆုန်လပြည့်နေ့ ရွှေစည်းခုံဘုရားကြီးရင်ပြင်တော်ပေါ်၌ သံဃာ ၁၀၈ ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ

သံဃာတော်(၁၀၈)ပါးတို့အား ဆွမ်းဆန်၊ ဆွမ်းနှင့် အခြားလှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ပွဲကို ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်သည့် ယမန်နေ့နံနက် ၆ နာရီအချိန်က ညောင်ဦးမြို့ ရွှေစည်းခုံဘုရားကြီးရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် ဆွမ်းဆန်၊ ဆွမ်းနှင့် အခြားလှူဖွယ်ပစ္စည်းများ လောင်းလှူပွဲသို့  ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်စေတနာရှင်များမှ ဆွမ်းဆန်တော်၊ ဆွမ်းနှင့် အခြားလှူဖွယ်ပစ္စည်းကို လောင်းလှူကြရာ ညောင်ဦးမြို့ပေါ် စာသင်တိုက်အသီးသီးမှ ရဟန်း၊သာမဏေ(၁၀၈)ပါး ကြွရောက်အလှူခံတော်မူခဲ့ကြောင်း သိရသည်။