ဒုတိယမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သည့် ဘုရင့်နောင်မင်းတရားကြီး သည် ရွှေစည်းခုံစေတီတော်ကြီးအား အလေးချိန်ခွက် (၂၁၀၀)ရှိ ကြေးခေါင်းလောင်းကြီးကို ၂၃-၅-၁၅၅၇ နေ့တွင် လှူဒါန်းခဲ့ပါသည်။ ထိုခေါင်းလောင်းပေါ်တွင် မြန်မာဘာသာဖြင့် (၄၃)ကြောင်း၊ မွန်ဘာသာဖြင့် (၃၅)ကြောင်း၊ ပါဠိဘာသာဖြင့် (၅)ကြောင်း ရေးသားထားပါသည်။ ၎င်းခေါင်းလောင်းစာတွင် အစိတ်စိတ်အမွှာမွှာကွဲနေသော နိုင်ငံကို ပြန်လည်ပေါင်းစည်းရန်အတွက် တောင်ငူ၊ ပြည်၊ အင်းဝ၊ မိုးမိတ်၊ မိုးကောင်း၊ မိုးညှင်း၊ ကလေး၊ ပတ္တမြားမြေနှင့် ဟံသာဝတီတို့အပေါ် စစ်မက်ရေးရာ တိုက်ခိုက်စည်းရုံးအောင်မြင်မှုများ၊ ဗုဒ္ဓဘာသာတော်ထွန်းကားပြန့်ပွားစေရန် ဆောင်ရွက်မှုများ အယူသီးမှု ယုံကြည်မှုများကို မင်းမိန့်ဖြင့် တားမြစ်ခဲ့ကြောင်းတို့ကို ရက်စွဲနှင့်တကွ ရေးသားထားပါသည်။
(က) ၂၀၁၆-ခုနှစ်တွင် အာရှပစိဖိတ်ဒေသတွင်း မှတ်တမ်းအမွေအနှစ် စာရင်းဝင် ဖြစ်ခဲ့ပါသည်။
(ခ) ၂၀၁၇-ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့ထိ ကျင်းပပြုလုပ်သည့် ၁၃-ကြိမ်မြောက် Memory of the World အစီအစဉ်၏ International Advisory Committe အစည်းအဝေးဆုံးဖြတ်ချက်အရ Memory of the World International Register စာရင်းဝင် အဖြစ် သတ်မှတ်ခဲ့ပါသည်။